ကွင်းစလန်

ကွင်းစလန်ပြည်နယ်တွင် မဲပေးရမည့်အချိန်နှင့် နေရာ

မိမိ မဲပေးနိုင်သလား။

သင်သည် အောက်ပါတို့နှင့် ကိုက်ညီပါက ကွင်းစလန်ပြည်နယ်ရွေးကောက်ပွဲများတွင် မဲပေးနိုင်သည်-

  • အသက် 18 နှစ်နှင့်အထက်
  • သြစတြေးလျနိုင်ငံသားတစ်ဦး
  • သင်၏ လိပ်စာတွင် အနည်းဆုံးတစ်လကြာ နေထိုင်ခဲ့ပါသည
  • မဲစာရင်းသွင်းပြီး

သင်သည် သတ်မှတ်ရက်မတိုင်မီ မဲစာရင်း မသွင်းထားသော်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ပါသည်။ ချက်ချင်း မဲစာရင်းသွင်း၍ မဲပေးနိုင်ရန် မဲရုံတစ်ခုသို့ သွားပါ။ သင့်အမည်နှင့် သင့်လိပ်စာ ပါဝင်သော သင်၏ ယာဉ်မောင်းလိုင်စင်၊ သင်မောင်းခွင့်၊ သြစတြေးလျ နိုင်ငံကူးလက်မှတ် သို့မဟုတ် မကြာသေးမီက မီတာခစာရွက် သို့မဟုတ် ကောင်စီအခွန်တောင်းခံလွှာကဲ့သို့ သင်၏အထောက်အထားကို ယူဆောင်လာပါ။ ကွင်းစလန်ရွေးကောက်ပွဲကော်မရှင် (Electoral Commission of Queensland (ECQ )) မဲရုံဝန်ထမ်းအား သင် မဲစာရင်းမသွင်းရသေးကြောင်း အကြောင်းကြားပါက၊ ၎င်းတို့က သင့်အား ကူညီနိုင်ပါသည်။

မိမိ မဲပေးရမလား။

ဟုတ်ပါသည်၊ အထက်ဖော်ပြထားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မဲပေးရပါမည်။ မဲမပေးနိုင်ခြင်းအတွက် အကြောင်းပြချက်ကောင်းမရှိဘဲ မဲမပေးပါက သင် ဒဏ်ငွေ ပေးဆောင်ရနိုင်သည်။

မဲပေးရမည့် အချိန်

ကွင်းစလန်ပြည်နယ်ရှိ လူအများအပြား ရွေးကောက်ပွဲနေ့တွင် မဲပေးကြပါမည်။ ရွေးကောက်ပွဲနေ့ကို စနေနေ့တွင် ကျင်းပမည်ဖြစ်ပြီး ထိုနေ့တွင် 08:00 နာရီမှ 18:00 နာရီအတွင်း မဲပေးနိုင်သည်။

လာမည့် ကွင်းစလန်ပြည်နယ် ရွေးကောက်ပွဲကို 2024 ခုနှစ် အောက်တိုဘာလ 26 ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပါသည်။

အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့တွင် မဲမပေးနိုင်ပါက အောက်ဖော်ပြပါ အခြားနည်းများအနက် ကိုယ်တိုင် သို့မဟုတ် စာဖြင့် (စာတိုက်မဲ) ကြိုတင်မဲ ပေးနိုင်သည်။

မဲပေးရမည့်နေရာ -

  • မဲရုံရှိသည့်နေရာများ သိရှိရန် သင်သည် https://www.ecq.qld.gov.au သို့ ဝင်ကြည့်သင့်သည် သို့မဟုတ် မည်သည့်နည်းများ ရနိုင်သည်ကို သိရှိရန် 1300 881 665 သို့ ဖုန်းခေါ်သင့်သည်။
  • ရွေးကောက်ပွဲနေ့မတိုင်မီ - ကြိုတင်ပေးမဲရုံ သို့မဟုတ် စာတိုက်မဲ။ ရွေးကောက်ပွဲမတိုင်ခင် ရက်သတ္တပတ်နှစ်ပတ်အလိုတွင် ကြိုတင်မဲရုံများ၌ မဲပေးနိုင်ပါသည်။ ကြိုတင်မဲပေးရန် အကြောင်းပြချက် မလိုအပ်ပါ။ မည်သည့်နည်းများ ရနိုင်သည်ကို သိရှိရန် https://www.ecq.qld.gov.au တွင် ကြည့်ပါ သို့မဟုတ် 1300 881 665 မှတဆင့် ဖုန်းခေါ်ပါ။
  • ဖုန်းဖြင့် မဲပေးခြင်း – သင့်အနေဖြင့် သတ်မှတ်ချက်ကိုက်ညီပါက တယ်လီဖုန်းအကူဖြင့် မဲပေးနိုင်ပါသည်။ အကြောင်းအချက်များ ပိုမိုသိရှိလိုပါက ဤနေရာတွင် ရှာဖွေနိုင်ပါသည်။
  • မိုဘိုင်းဖုန်းဖြင့် မဲပေးခြင်းနှင့် အကျဉ်းထောင်မှ မဲပေးခြင်း - ရွေးကောက်ပွဲအရာရှိများသည် ရွေးကောက်ပွဲကာလအတွင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော ဝေးလံခေါင်ဖျားဒေသများရှိ မဲဆန္ဒရှင်များထံ သွားရောက်တွေ့ဆုံနိုင်ပါသည်။ ထောင်ဒဏ် 3 နှစ်အောက် ကျခံနေရသော အကျဉ်းသားများသည် မဲပေးပိုင်ခွင့်ရှိသည်။ အကြောင်းအချက်များ ပိုမိုသိရှိလိုပါက ဤနေရာတွင် ရှာဖွေနိုင်ပါသည်။

မဲရုံ သို့မဟုတ် ကြိုတင်ပေးမဲရုံတွင် ဘာတွေ့ရမလဲ။

မဲရုံနှင့်/သို့မဟုတ် ကြိုတင်ပေးမဲရုံအပြင်တွင် ကိုယ်စားလှယ်လောင်းများနှင့်/သို့မဟုတ် ကိုယ်စားလှယ်လောင်းများကို ကူညီနေသော စေတနာ့ဝန်ထမ်းများကို တွေ့နိုင်ပါသည်။ ထိုသူများက 'မဲပေးနည်း’ (how-to-vote) စာရွက်ကို သင့်အား ပေးနိုင်ပါသည်။

သင်မလိုချင်ပါက မဲပေးနည်းစာရွက်ယူရန် သို့မဟုတ် လိုက်နာရန် မလိုပါ။  ထိုကိုယ်စားလှယ်လောင်း၏ မူဝါဒများကို နှစ်သက်ပါက၊ ထိုစာရွက်သည် မဲပေးနိုင်ရန် သင့်အား ကူညီနိုင်သည်။ သို့သော်လည်း ထိုမဲပေးနည်းစာရွက်နှင့် မတူဘဲ သင်သည် ထိုကိုယ်စားလှယ်လောင်းကို မဲပေးနိုင်ပြီး အခြားကိုယ်စားလှယ်လောင်းများအား အဆင့် သတ်မှတ်နိုင်သည်။

မဲရုံအတွင်း စားပွဲတစ်ခုတွင် ECQ ရွေးကောက်ပွဲအရာရှိကို အမည်စာရင်းများနှင့်အတူ တွေ့ပါမည်။ ထိုရွေးကောက်ပွဲအရာရှိထံသို့ အကြောင်းကြားရပါမည်။ ၎င်းတို့သည် သင့် အမည်၊ လိပ်စာ၊ ဤ ရွေးကောက်ပွဲတွင် မဲပေးပြီးမပြီးနှင့် သင်၏ မဲဆန္ဒနယ်မြေကို အတည်ပြုရန် မေးမြန်းပါမည်။ ရွေးကောက်ပွဲအရာရှိက သင့်ကို မဲစာရွက်နှစ်ရွက်ပေးပြီး မဲပေးရမည့်နေရာကို ညွှန်ပြပါမည်။

ကတ်ထူကာမဲပေးနေရာတွင် သင် မဲပေးရပါမည်။ မဲပေးနေရာများတွင် အကာအရံများ ရှိသောကြောင့် သင်မဲပေးပုံကို အခြားသူများ မြင်နိုင်မည်မဟုတ်ပါ။ မဲပေးနေရာများတွင် သင့်မဲကို ရေးမှတ်ရန် အသုံးပြုနိုင်သည့် ခဲတံများရှိပြီး သင့်ကိုယ်ပိုင် ခဲတံ သို့မဟုတ် ဘောပင်ကိုလည်း အသုံးပြုနိုင်ပါသည်။

ရွေးကောက်ပွဲမဲစာရွက်များ ဖြည့်စွက်ရာတွင် အကူအညီလိုအပ်ပါက ကူညီသူ သို့မဟုတ် မိတ်ဆွေတစ်ဦးကို ခေါ်နိုင်ပါသည်။ ရွေးကောက်ပွဲအရာရှိကလည်း သင့်ကို ကူညီပေးနိုင်ပါသည်။ ထိုကူညီသူသည် မဲပေးရမည့်သူကို မပြောသင့်သည့်အပြင် သင်၏ ခွင့်ပြုချက်မပါဘဲ သင် မဲပေးပုံကို မည်သူ့ကိုမျှ မပြောသင့်ပါ။

အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့တွင် ပြည်ပ သို့မဟုတ် ပြည်နယ်ခြား ရောက်နေပါက ဘာလုပ်ရမလဲ။

အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့တွင် (ဩစတြေးလျနိုင်ငံတွင်း သို့မဟုတ် ပြည်ပ) ခရီးသွားနေပါက အောက်ပါတို့ကို လုပ်နိုင်ပါသည်-

  • ကြိုတင်ပေးမဲရုံ သို့မဟုတ် စာတိုက်မဲဖြင့် ကြိုတင်မဲပေးပါ
  • အကယ်၍ သင်သည် နိုင်ငံခြားခရီးသွားနေစဉ် မဲမပေးနိုင်ပါက ကွင်းစလန်ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားနိုင်သည်။ အကယ်၍ သင်သည် အချိန်ကြာ ခရီးသွားမည်ဆိုပါက သင့်ကို မဲစာရင်းမှ ဖယ်ထုတ်ထားနိုင်ပြီး သင်ပြန်ရောက်သည့်အခါမှ ပြန်လည် စာရင်းသွင်းနိုင်သည်။

ပိုမိုသိရှိလိုပါက ECQ သို့ 1300 881 665 မှတဆင့် ဖုန်း ခေါ်ပါ။