ကွင်းစလန်

ကွင်းစလန်ပြည်နယ် ရွေးကောက်ပွဲတွင် မဲပေးပုံ

သင့်ကို ဥပဒေပြုလွှတ်တော်အတွက် မဲစာရွက်တစ်စောင် ပေးသွားပါမည်။

မိမိနေထိုင်ရာ မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်ကို မဲပေးရပါမည်။ ကွင်းစလန်ပြည်နယ် 93 မဲဆန္ဒနယ်ထဲမှ တစ်ခု။

ရွေးကောက်ပွဲများကို အပြည့်အဝ ဦးစားပေးမဲပေးခြင်းဟုခေါ်သောနည်းဖြင့် ဆုံးဖြတ်သည်။ မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းများကို အနှစ်သက်ဆုံး (ပထမရွေးချယ်မှု)မှ မနှစ်သက်ဆုံးသို့ အဆင့်သတ်မှတ်သည်။ ရွေးကောက်ခံခွင့်ရရန်  အခြားကိုယ်စားလှယ်လောင်းများအားလုံး ရှုံးနိမ့်ဖယ်ထုတ်ခံရပြီးနောက် ကိုယ်စားလှယ်လောင်းတစ်ဦးကို မဲဆန္ဒရှင်များ၏အများစုမဲဖြင့်  ဦးစားပေး ရွေးချယ်ပါသည်။

အပြည့်အဝ ဦးစားပေးမဲပေးခြင်းစနစ်ဆိုသည်မှာ သင်သည် သင်၏ ပထမဦးစားပေးအဖြစ် လူကြိုက်နည်းသော ကိုယ်စားလှယ်လောင်း သို့မဟုတ် ပါတီငယ်တစ်ခုကို မဲပေးထားပြီး ၎င်းတို့အနိုင်မရရှိပါက သင့်မဲကို သင့်အဖွဲ့ဝင်ကို ရွေးချယ်ရာတွင်လည်း ဆက်လက် ထည့်သွင်းရေတွက်သွားမည်ဖြစ်သည်။

မဲစာရွက်ပေါ်တွင် မှန်ကန်စွာ မဲပေးရန်အတွက် အကွက်တိုင်းကို မိမိနှစ်သက်ရာ အစီအစဉ်အတိုင်း နံပါတ်တပ်ရန် လိုအပ်ပါသည်။

  1. သင် ပထမရွေးချယ်သည့် ကိုယ်စားလှယ်လောင်းဘေးအကွက်တွင် နံပါတ် 1 ဟု ရေးပါ။
  2. သင် ဒုတိယရွေးချယ်သည့်ကိုယ်စားလှယ်လောင်းဘေးအကွက်တွင် နံပါတ် 2 ဟု ရေးပါ။
  3. ထိုကဲ့သို့ နံပါတ် 3၊ 4၊ 5 စသည့်နံပါတ်များကို ဆက်ရေးပြီး အကွက်တိုင်းတွင် နံပါတ်တစ်ခုရှိသည်အထိ ရေးပါ။

ပယ်မဲ

မှန်ကန်စွာ မဖြည့်စွက်ထားသော မဲစာရွက်ကို ပယ်မဲဟု ခေါ်သည်။ ရွေးကောက်ပွဲ အဖြေထွက်ရန် ပယ်မဲများကို မရေတွက်ပါ။ တစ်စုံတစ်ယောက်သည် အောက်ပါတို့အား ပြုလုပ်ပါက ဆန္ဒမဲလက်မှတ်ကို ပယ်မဲဟု သတ်မှတ်ပါသည်-

  • အကွက်ထဲတွင် အမှန်၊ ကြက်ခြေခတ်နှင့် အခြားအမှတ်များ ထည့်ခြင်း။
  • လိုအပ်သောအကွက်များကို နံပါတ်မတပ်ခြင်း
  • ဂဏန်းများ ပျောက်နေခြင်း သို့မဟုတ် ထပ်နေခြင်း
  • မဲစာရွက်ကို မဖြည့်ခြင်း။

အမှားလုပ်မိခြင်း

မဲစာရွက်ပေါ်တွင် အမှားလုပ်မိပါက ပြဿနာ မရှိပါ။ ၎င်းကို ကြက်ခြေခတ်ခြစ်ပြီး ၎င်းဘေးတွင် မှန်ကန်သော နံပါတ် တပ်ပါ။

အကယ်၍ သင်က ECQ သည် သင်၏ ပြင်ဆင်ချက်များကို နားမလည်နိုင်မည်ကို စိုးရိမ်ပါက သင် ၏ မဲစာရွက်ကို ECQ ရွေးကောက်ပွဲဝန်ထမ်းထံ ပြန်ပေးပြီး အသစ်တစ်ရွက် တောင်းနိုင်ပါသည်။

သင့်ကြောင့် မဲစာရွက် ပျက်စီးသွားပါက သို့မဟုတ် စုတ်ပြဲသွားပါက ၎င်းကို ရွေးကောက်ပွဲဝန်ထမ်းထံ ပြန်ပေးပြီး အသစ်တစ်ရွက် တောင်းနိုင်ပါသည်။

မဲစာရွက်ဖြည့်ရန်လည်း အကူအညီတောင်းနိုင်ပါသည်။

သင့်မဲသည် သင်၏ ရွေးချယ်မှုသာ ဖြစ်သည်

မည်သူ့ကို မဲပေးမည်ကို သင်ကသာ ဆုံးဖြတ်နိုင်သည်ကို သိရှိရန် အရေးကြီးသည်။ အခြားသူများက မည်သူ့ကို မဲပေးရမည်ဟု အကြံပြုနိုင်သော်လည်း ၎င်းတို့ ဖြစ်စေလိုသည့်အတိုင်း မဲပေးရန် သင့်ကို အတင်းအကျပ် ဖိအားမပေးနိုင်ပါ။ မဲပေးခြင်းမပြုမီ သင်၏ အမည်ကို မဲစာရင်းဖြင့် တိုက်၍ စစ်ဆေးမည်ဖြစ်သော်လည်း သင်၏ မဲကို စာရင်းသွင်းပြီးနောက် သင်၏ မဲသည် အမည်မသိ ဖြစ်ပြီး လျှို့ဝှက်ထားမည်ဖြစ်သည်။

သင် မဲပေးခဲ့သည့်သူကို အခြားသူများကို ပြောပြခြင်းသည် သင်၏ ရွေးချယ်ချက် ဖြစ်သည်။ ၎င်းတို့ကို ပြောပြရန် မည်သူမှ သင့်ကို ဖိအားမပေးနိုင်ပါ၊ အစိုးရအရာရှိများပင် ဖိအားမပေးနိုင်ပါ။ သင် မလုံခြုံဟု သို့မဟုတ် ဖိအားပေးခံရသည်ဟု ခံစားရပါက သင် မဲပေးခဲ့သူကို အမှန်မပြောခြင်းသည် ဥပဒေကို မချိုးဖောက်ပါ၊ သင့်ဆန္ဒမဲကို လျှို့ဝှက်ထားခြင်းကြောင့် မည်သူမှ သိနိုင်မည်မဟုတ်ပါ။