ကွင်းစလန်

ကွင်းစလန်လွှတ်တော် အလုပ်လုပ်ပုံ

ကွင်းစလန်လွှတ်တော် (Queensland’s Parliament) အလုပ်လုပ်ပုံနှင့် ထိုလွတ်တော်ရွေးကောက်ပွဲများတွင် မဲပေးပုံတို့ကို နားလည်ခြင်းသည် သင့်မဲ အကျိုးရှိစေရန်အတွက် အရေးကြီးပါသည်။

ကွင်းစလန် (Queensland) တွင် သင့်ကို ကိုယ်စားပြုပြီး သင့်ကိုယ်စား လေးနှစ်တစ်ကြိမ် ဥပဒေများကို ပြန်လည်သုံးသပ်ရန်နှင့် အသစ်ရေးဆွဲရန်အတွက် သင်သည် ဒီမိုကရေစီနည်းအရ လွှတ်တော်သို့ ကိုယ်စားလှယ်လောင်းများကို ရွေးကောက်တင်မြှောက်ပါသည်။

ဤကိုယ်စားလှယ်လောင်းများသည် များသောအားဖြင့် – သို့သော် အမြဲတမ်းမဟုတ်ပါ – နိုင်ငံရေးပါတီဝင်များ ဖြစ်သည်။ နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းအများစု ရွေးကောက်တင်မြှောက်ခံရပါက ကွင်းစလန်အစိုးရ (Queensland Government) ဖြစ်လာနိုင်သည်။ အစိုးရမဖွဲ့နိုင်သည့် အများဆုံးရပါတီကို အတိုက်အခံ (Opposition) ဟု ခေါ်သည်။ အများစုမရသည့် ပါတီတစ်ခုသည် အများစုဖြစ်စေရန် လုံလောက်သော အခြားပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် ပူးပေါင်း၍ မဟာမိတ်ဖွဲ့နိုင်ပါက အစိုးရ ဖြစ်လာနိုင်ပါသည်။

ပါတီတစ်ခုနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်လောင်းများကို တစ်သီးပုဂ္ဂလ (independents) ဟုခေါ်သည်။ ရွေးကောက်တင်မြှောက်ခံရပြီး အစိုးရ သို့မဟုတ် အတိုက်အခံတွင် မပါဝင်သော တစ်သီးပုဂ္ဂလများနှင့် ပါတီငယ်များ၏ အဖွဲ့ဝင်များကို တစ်ခါတစ်ရံ ကြားနေအမတ်များအဖွဲ့ (Crossbench) ဟု ခေါ်သည်။

အောင်မြင်စွာရွေးချယ်ခံရသော ကိုယ်စားလှယ်လောင်းများကို ဥပဒေပြုလွှတ်တော်အဖွဲ့ဝင်များ (Members of the Legislative Assembly (MLA)) ဟုခေါ်သည်။ ၎င်းတို့သည် ဥပဒေပြုလွှတ်တော် (Legislative Assembly) တွင် အချို့သော ခရိုင် သို့မဟုတ် ‘မဲဆန္ဒရှင်နယ်မြေ' ကို ကိုယ်စားပြုသည်။

ကွင်းစလန်လွှတ်တော်တွင် ဥပဒေပြုလွှတ်တော် တစ်ခုတည်းရှိသည်၊ အဓိပ္ပါယ်မှာ လွှတ်တော်တစ်ခုတည်းရှိသည်ဟု ဆိုလိုသည်-

ဥပဒေပြုလွှတ်တော်

အဖွဲ့ဝင် 93 ဦးနှင့် ဖွဲ့စည်းထားသည်။ ဤနေရာတွင် ဥပဒေများ ချမှတ်ပြီး ပြည်နယ်ရသုံးငွေစာရင်း အတည်ပြုသည်။ ဝန်ကြီးချုပ် (The Premier) သည် အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ဤလွှတ်တော်တွင် ရွေးချယ်တင်မြှောက်ထားသည်။

ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ်လောင်းများကို မဲပေးခြင်းသည် အစိုးရ ဆုံးဖြတ်ချက်ချရာတွင် အရေးပါသောကြောင့် အရေးကြီးပါသည်။

ပိုမိုသိရှိလိုပါက Queensland Parliament ဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုပါ။