သြစတြေးလျမြို့တော်နယ်မြေ

သြစတြေးလျနိုင်ငံ မြို့တော်နယ်မြေတွင် မဲပေးရမည့်အချိန်နှင့် နေရာ

မိမိ မဲပေးနိုင်သလား။

အောက်ပါတို့နှင့် ကိုက်ညီပါက သင်သည် ဩစတြေးလျမြို့တော်နယ်မြေ (ACT) ပြည်နယ်ရွေးကောက်ပွဲတွင် မဲပေးနိုင်သည်-

  • အသက် 18 နှစ်နှင့်အထက်
  • သြစတြေးလျနိုင်ငံသား
  • ACT တွင် အနည်းဆုံး တစ်လကြာ နေထိုင်ခဲ့ပါသည်။
  • မဲစာရင်းသွင်းပြီး

သင်သည် သတ်မှတ်ရက်မတိုင်မီ မဲစာရင်း မသွင်းထားသော်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ပါသည်။ ချက်ချင်း မဲစာရင်းသွင်း၍ မဲပေးနိုင်ရန် မဲရုံတစ်ခုသို့ သွားပါ။ သင့်အမည်နှင့် သင့်လိပ်စာ ပါဝင်သော သင်၏ ယာဉ်မောင်းလိုင်စင်၊ သင်မောင်းခွင့်၊ သြစတြေးလျ နိုင်ငံကူးလက်မှတ် သို့မဟုတ် မကြာသေးမီက မီတာခစာရွက် သို့မဟုတ် ကောင်စီအခွန်တောင်းခံလွှာကဲ့သို့ သင်၏အထောက်အထားကို ယူဆောင်လာပါ။  ACT ရွေးကောက်ပွဲကော်မရှင် ( ACT Electoral Commission) ဝန်ထမ်းအား သင် မဲစာရင်းမသွင်းရသေးကြောင်း အကြောင်းကြားပါက၊ ၎င်းတို့က သင့်အား ကူညီနိုင်ပါသည်။

မိမိ မဲပေးရမလား။

ဟုတ်ပါသည်၊ အထက်ဖော်ပြထားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မဲပေးရပါမည်။ မဲမပေးနိုင်ခြင်းအတွက် အကြောင်းပြချက်ကောင်းမရှိဘဲ မဲမပေးပါက သင် ဒဏ်ငွေ ပေးဆောင်ရနိုင်သည်။

မဲပေးရမည့်အချိန်

လာမည့် ACT ပြည်နယ်ရွေးကောက်ပွဲကို 2024 ခုနှစ် အောက်တိုဘာလ 19 ရက်၊ စနေနေ့တွင် ကျင်းပပါမည်။ ထိုနေ့တွင် 08:00  နာရီမှ 18:00 နာရီအတွင်း မဲပေးနိုင်သည်။

လူအများအပြား ရွေးကောက်ပွဲနေ့တွင် မဲပေးပါမည်။ သင်သည် ရွေးကောက်ပွဲနေ့တွင် မဲမပေးနိုင်ပါက အောက်ဖော်ပြပါ အခြားနည်းများထဲမှ ကိုယ်တိုင် သို့မဟုတ် စာဖြင့် (စာတိုက်မဲ) ကြိုတင်မဲ ပေးနိုင်ပါသည်။

မဲပေးရမည့် နေရာ

  • ရွေးကောက်ပွဲနေ့ – သင့်အိမ်အနီးရှိ မဲရုံတွင်။ များသောအားဖြင့် အများသုံးအဆောက်အအုံများဖြစ်သည့် ကျောင်းများ၊ ဘုရားကျောင်းများ သို့မဟုတ် ခန်းမများဖြစ်သည်။ ACT ရွေးကောက်ပွဲကော်မရှင် (ACT Electoral Commission) သို့ ဤနေရာမှ ဖြစ်စေ သို့မဟုတ် 02 6205 0033 မှတဆင့် ဖုန်းခေါ်၍ဖြစ်စေ မဲရုံရှိသည့်နေရာများကို သိရှိနိုင်ပါသည်။
  • ရွေးကောက်ပွဲနေ့မတိုင်မီ - ကြိုတင်ပေးမဲရုံ သို့မဟုတ် စာတိုက်မဲ။ 2024 ခုနှစ် ၊ အောက်တိုဘာလ 8 ရက်နေ့မှစ၍ ကြိုတင်ပေးမဲရုံများတွင် မဲပေးနိုင်ပါသည်။
  • ဖုန်းဖြင့်မဲပေးခြင်း – သင် မျက်စိမမြင်၊ အမြင်အာရုံနည်းပါက တယ်လီဖုန်းအကူဖြင့် မဲပေးနိုင်ပါသည်။ ရွေးကောက်ပွဲနီးလာပါက အသေးစိတ် အကြောင်းများအတွက် ရွေးကောက်ပွဲကော်မရှင် (ACT Electoral Commission) တွင် ကြည့်ပါ။

မဲရုံ သို့မဟုတ် ကြိုတင်ပေးမဲရုံတွင် ဘာတွေ့ရမလဲ။

မဲရုံနှင့်/သို့မဟုတ် ကြိုတင်ပေးမဲရုံအပြင်တွင် ကိုယ်စားလှယ်လောင်းများနှင့်/သို့မဟုတ် ကိုယ်စားလှယ်လောင်းများကို ကူညီနေသော စေတနာ့ဝန်ထမ်းများကို တွေ့နိုင်ပါသည်။ ထိုသူများက 'မဲပေးနည်း’ (how-to-vote) စာရွက်ကို သင့်အား ပေးနိုင်ပါသည်။

သင်မလိုချင်ပါက မဲပေးနည်းစာရွက်ယူရန် သို့မဟုတ် လိုက်နာရန် မလိုပါ။  ထိုကိုယ်စားလှယ်လောင်း၏ မူဝါဒများကို နှစ်သက်ပါက၊ ထိုစာရွက်သည် မဲပေးနိုင်ရန် သင့်အား ကူညီနိုင်သည်။ သို့သော်လည်း ထိုမဲပေးနည်းစာရွက်နှင့် မတူဘဲ သင်သည် ထိုကိုယ်စားလှယ်လောင်းကို မဲပေးနိုင်ပြီး အခြားကိုယ်စားလှယ်လောင်းများအား အဆင့် သတ်မှတ်နိုင်သည်။

မဲရုံအတွင်း စားပွဲတစ်ခုတွင် ACT ရွေးကောက်ပွဲအရာရှိကို အမည်စာရင်းများနှင့်အတူ တွေ့ပါမည်။ ထိုရွေးကောက်ပွဲအရာရှိထံသို့ အကြောင်းကြားရပါမည်။ ၎င်းတို့သည် သင့် အမည်၊ လိပ်စာ၊ ဤ ရွေးကောက်ပွဲတွင် မဲပေးပြီးမပြီးနှင့် သင်၏ မဲဆန္ဒနယ်မြေကို အတည်ပြုရန် မေးမြန်းပါမည်။ ရွေးကောက်ပွဲအရာရှိက သင့်ကို မဲစာရွက်နှစ်ရွက်ပေးပြီး မဲပေးရမည့်နေရာကို ညွှန်ပြပါမည်။

ကတ်ထူကာမဲပေးနေရာတွင် သင် မဲပေးရပါမည်။ မဲပေးနေရာများတွင် အကာအရံများ ရှိသောကြောင့် သင်မဲပေးပုံကို အခြားသူများ မြင်နိုင်မည်မဟုတ်ပါ။ မဲပေးနေရာများတွင် သင့်မဲကို ရေးမှတ်ရန် အသုံးပြုနိုင်သည့် ခဲတံများရှိပြီး သင့်ကိုယ်ပိုင် ခဲတံ သို့မဟုတ် ဘောပင်ကိုလည်း အသုံးပြုနိုင်ပါသည်။

ရွေးကောက်ပွဲမဲစာရွက်များ ဖြည့်စွက်ရာတွင် အကူအညီလိုအပ်ပါက ကူညီသူ သို့မဟုတ် မိတ်ဆွေတစ်ဦးကို ခေါ်နိုင်ပါသည်။ ရွေးကောက်ပွဲအရာရှိကလည်း သင့်ကို ကူညီပေးနိုင်ပါသည်။ ထိုကူညီသူသည် မဲပေးရမည့်သူကို မပြောသင့်သည့်အပြင် သင်၏ ခွင့်ပြုချက်မပါဘဲ သင် မဲပေးပုံကို မည်သူ့ကိုမျှ မပြောသင့်ပါ။

အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့တွင် ပြည်ပ သို့မဟုတ် ပြည်နယ်ခြား ရောက်နေပါက ဘာဖြစ်မလဲ။

အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့တွင် (ဩစတြေးလျနိုင်ငံတွင်း သို့မဟုတ် ပြည်ပ) ခရီးသွားနေပါက အောက်ပါတို့ကို လုပ်နိုင်ပါသည်-

  • ကြိုတင်ပေးမဲရုံတွင် ကြိုတင်မဲပေးပါ။
  • ပြည်နယ်ခြားမဲရုံတွင် မဲပေးပါ။
  • စာတိုက်မဲပေးခြင်း။ စာတိုက်မဲထုပ်များကို သင့်အိမ်လိပ်စာ သို့မဟုတ် သင် ပေးထားသည့် သြစတြေးလျနိုင်ငံအတွင်း သို့မဟုတ် ပြည်ပ မည်သည့်လိပ်စာသို့မဆို ပေးပို့နိုင်ပါသည်။

ကြိုတင်ပေးမဲရုံတွင် သို့မဟုတ် စာတိုက်မဲဖြင့် မဲမပေးနိုင်ဘဲ သင့်တွင် ခိုင်လုံသော မဲမပေးနိုင်သည့် အကြောင်းပြချက်ရှိပါက ဒဏ်ကြေး မပေးဆောင်ရပါ။ ရွေးကောက်ပွဲနေ့မတိုင်မီ ACT Electoral Commission သို့ elections@act.gov.au မှတဆင့် အီးမေးလ်ဖြင့် အကြောင်းကြားထားပါ။

ပိုမိုသိရှိလိုပါက ACT Electoral Commission သို့ 02 6205 0033  မှတဆင့် ဖုန်း ခေါ်နိုင်ပါသည်။