သြစတြေးလျမြို့တော်နယ်မြေ

ဩစတြေးလျမြို့တော်နယ်မြေ လွှတ်တော်အလုပ်လုပ်ပုံ

သြစတြေးလျမြို့တော်နယ်မြေ၏ လွှတ်တော် (Australian Capital Territory’s (ACT) Parliament) အလုပ်လုပ်ပုံနှင့် ထိုလွှတ်တော် ရွေးကောက်ပွဲများတွင်မဲပေးပုံတို့ကို နားလည်ခြင်းသည် သင့်မဲ အကျိုးရှိစေရန်အတွက် အလွန်အရေးကြီးသည်။

ACT တွင် သင်သည် လေးနှစ်တစ်ကြိမ် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်သည့်ဒီမိုကရေစီလုပ်ငန်းစဉ်တွင် ပါဝင်ပါသည်။ ဤကိုယ်စားလှယ်များအား သင့်ကိုယ်စား ဥပဒေများကို ပြန်လည်သုံးသပ်ရန်နှင့် အသစ်ရေးဆွဲရန် တာဝန်အပ်နှင်းထားသည်။

ပုံမှန်အားဖြင့် ကိုယ်စားလှယ်လောင်းများသည် နိုင်ငံရေးပါတီများမှ ဖြစ်ကြသော်လည်း အချို့က တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်နိုင်ပါသည်။ နိုင်ငံရေးပါတီတစ်ခုသည် ၎င်း၏ ကိုယ်စားလှယ်လောင်းအများစုအား ဥပဒေပြုလွှတ်တော် (Legislative Assembly) တွင် ရွေးချယ်ခံရပါက ACT အစိုးရ (ACT Government) ဖွဲ့စည်းနိုင်သည်။ အစိုးရဖွဲ့မနိုင်သော အများဆုံးရပါတီသည် အတိုက်အခံ (Opposition) ဖြစ်လာသည်။ နောက်တစ်နည်းမှာ  မဲအများစုမရသော ပါတီများနှင့် ကိုယ်စားလှယ်လောင်းများပူးပေါင်း၍ အစိုးရဖွဲ့နိုင်ပါသည်။

ရွေးကောက်ခံကိုယ်စားလှယ်များကို ဥပဒေပြုလွှတ်တော်အဖွဲ့ဝင်များ (Members of the Legislative Assembly (MLA)) ဟု ခေါ်ပါသည်။ MLAs သည် ဥပဒေပြုလွှတ်တော်တွင် သက်ဆိုင်ရာ ခရိုင်များ သို့မဟုတ် မဲဆန္ဒနယ်မြေများကို ကိုယ်စားပြုသည်။

ACT လွှတ်တော်သည် လွှတ်တော်တစ်ခုတည်းဖြင့် ဖွဲ့စည်းထားသည် -

ဥပဒေပြုလွှတ်တော်သည် အဖွဲ့ဝင် 25 ဦးဖြင့် ဖွဲ့စည်းထားပြီး ဥပဒေပြုသည့်နေရာနှင့် နယ်မြေရသုံးငွေစာရင်းအတည်ပြုသည့် နေရာဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ် (Chief Minister) ကို ဤလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ထားသည်။

ဥပဒေပြုလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းများမဲပေးခြင်းသည် အစိုးရဆုံးဖြတ်ချက်ချရာတွင် အရေးပါသောကြောင့် အလွန်အရေးကြီးပါသည်။ ဥပဒေအသစ်များ မပြဋ္ဌာန်းမီ ဥပဒေပြုလွှတ်တော်က သဘောတူရမည်။

နောက်ထပ်အသေးစိတ်အကြောင်းများအတွက် ACT Parliament ဝဘ်ဆိုက်သို့ ဝင်ကြည့်ပါ။