မိမိ မဲပေးနိုင်ပါသလား။
အောက်ပါတို့နှင့် ကိုက်ညီပါက သင်သည် မြောက်ပိုင်းနယ်မြေရွေးကောက်ပွဲတွင် မဲပေးနိုင်သည် -
- အသက် 18 နှစ်နှင့်အထက်
- သြစတြေးလျနိုင်ငံသား
- မြောက်ပိုင်းနယ်မြေတွင် အနည်းဆုံးတစ်လကြာ နေထိုင်ခဲ့မည်
- မဲစာရင်းသွင်းပြီး
သင်သည် သတ်မှတ်ရက်မတိုင်မီ မဲစာရင်း မသွင်းထားသော်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ပါသည်။ ချက်ချင်း မဲစာရင်းသွင်း၍ မဲပေးနိုင်ရန် မဲရုံတစ်ခုသို့ သွားပါ။ သင့်အမည်နှင့် လိပ်စာပါဝင်သည့် သင်၏ ယာဉ်မောင်းလိုင်စင်၊ သင်မောင်းလိုင်စင်၊ သြစတြေးလျ နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မကြာသေးမီက မီတာခစာရွက် သို့မဟုတ် ကောင်စီအခွန်တောင်းခံလွှာကဲ့သို့ သင်၏အထောက်အထားကို ယူဆောင်လာပါ။ မြောက်ပိုင်းနယ်မြေရွေးကောက်ပွဲကော်မရှင် (the Northern Territory Electoral Commission) ဝန်ထမ်းအား သင် မဲစာရင်း မသွင်းရသေးကြောင်း အကြောင်းကြားပါက ၎င်းတို့က သင့်အား ကူညီနိုင်ပါသည်။
မိမိ မဲပေးရမလား။
ဟုတ်ပါသည်၊ အထက်ဖော်ပြထားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မဲပေးရပါမည်။ မဲမပေးနိုင်ခြင်းအတွက် အကြောင်းပြချက်ကောင်းမရှိဘဲ မဲမပေးပါက သင် ဒဏ်ငွေ ပေးဆောင်ရနိုင်သည်။
မဲပေးရမည့်အချိန်
လာမည့် မြောက်ပိုင်းနယ်မြေ ပြည်နယ်ရွေးကောက်ပွဲကို 2024 ခုနှစ် ဩဂုတ်လ 24 ရက်နေ့ စနေနေ့တွင် ကျင်းပပါမည်။ ထိုနေ့တွင် 08:00 နာရီမှ 18:00 နာရီအတွင်း မဲပေးနိုင်ပါသည်။
လူအများအပြား ရွေးကောက်ပွဲနေ့တွင် မဲပေးပါမည်။ သင်သည် ရွေးကောက်ပွဲနေ့တွင် မဲမပေးနိုင်ပါက အောက်ဖော်ပြပါ အခြားနည်းများထဲမှ ကိုယ်တိုင် သို့မဟုတ် စာဖြင့် (စာတိုက်မဲ) ကြိုတင်မဲ ပေးနိုင်ပါသည်။
မဲပေးရမည့် နေရာ
- မြောက်ပိုင်းနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် (North Territory Electoral Commission) သို့ ဤနေရာမှ ဖြစ်စေ သို့မဟုတ် 1800 698 683 မှတဆင့် ဖုန်းခေါ်၍ဖြစ်စေ မဲရုံရှိသည့်နေရာများကို သိရှိနိုင်ပါသည်။
- ရွေးကောက်ပွဲမတိုင်မီနေ့မတိုင်မီ - ကြိုတင်မဲပေးရုံ သို့မဟုတ် စာတိုက်မဲ။ ကြိုတင်မဲပေးရမည့်ရက်များကို ရွေးကောက်ပွဲနီးလာချိန်တွင် ကြေငြာပါမည်။
- ရွေ့လျားမဲရုံ - မြို့ပြနှင့် ရပ်ဝေးဒေသ ရွေ့လျားမဲရုံအဖွဲ့များသည် ရပ်ဝေးဒေသများ ၊ ဆေးရုံများ ၊ သက်ကြီးဂေဟာများနှင့် အကျဉ်းထောင်များသို့ သွားရောက်ပါမည်။ နောက်ထပ်ထုတ်ပြန်ချက်များအတွက် Northern Territory Electoral Commission တွင် ဝင်ရောက်ကြည့်ရှုပါ။
- အကူအညီလုပ်ငန်းများ – သင်မဲပေးရာတွင် အကူအညီလိုအပ်ပါက ဝန်ထမ်းတစ်ဦးက သင့်အား မဲရုံတွင် ကူညီနိုင်ပါသည်။ လမ်းလျောက်သွားလာရန် ခက်ခဲသူများသည် ၎င်းတို့၏ ကားပေါ်မှ မဲပေးနိုင်ပြီး ဝန်ထမ်းများက ဤအတွက် ကူညီပေးပါမည်။
မဲရုံ သို့မဟုတ် ကြိုတင်ပေးမဲရုံတွင် ဘာတွေ့ရမလဲ။
မဲရုံနှင့်/သို့မဟုတ် ကြိုတင်ပေးမဲရုံအပြင်တွင် ကိုယ်စားလှယ်လောင်းများနှင့်/သို့မဟုတ် ကိုယ်စားလှယ်လောင်းများကို ကူညီနေသော စေတနာ့ဝန်ထမ်းများကို တွေ့နိုင်ပါသည်။ ထိုသူများက 'မဲပေးနည်း’ (how-to-vote) စာရွက်ကို သင့်အား ပေးနိုင်ပါသည်။
သင်မလိုချင်ပါက မဲပေးနည်းစာရွက်ယူရန် သို့မဟုတ် လိုက်နာရန် မလိုပါ။ ထိုကိုယ်စားလှယ်လောင်း၏ မူဝါဒများကို နှစ်သက်ပါက၊ ထိုစာရွက်သည် မဲပေးနိုင်ရန် သင့်အား ကူညီနိုင်သည်။ သို့သော်လည်း ထိုမဲပေးနည်းစာရွက်နှင့် မတူဘဲ သင်သည် ထိုကိုယ်စားလှယ်လောင်းကို မဲပေးနိုင်ပြီး အခြားကိုယ်စားလှယ်လောင်းများအား အဆင့် သတ်မှတ်နိုင်သည်။
မဲရုံအတွင်း စားပွဲတစ်ခုတွင် မြောက်ပိုင်းနယ်မြေ ရွေးကောက်ပွဲဝန်ထမ်းတစ်ဦးကို အမည်စာရင်းနှင့်အတူ တွေ့ရပါမည်။ ထိုရွေးကောက်ပွဲအရာရှိထံ အကြောင်းကြားရပါမည်။ ၎င်းတို့သည် သင်၏ အမည်၊ လိပ်စာ၊ ဤရွေးကောက်ပွဲတွင် မဲပေးပြီးမပြီးနှင့် သင်၏ မဲဆန္ဒနယ်မြေကို အတည်ပြုရန် မေးမြန်းပါမည်။ ရွေးကောက်ပွဲဝန်ထမ်းသည် သင့်ကို မဲစာရွက်နှစ်ရွက်ပေးပြီး မဲပေးရမည့်နေရာကို ညွှန်ပြပါမည်။
ကတ်ထူကာမဲပေးနေရာတွင် သင် မဲပေးရပါမည်။ မဲပေးနေရာများတွင် အကာအရံများ ရှိသောကြောင့် သင်မဲပေးပုံကို အခြားသူများ မြင်နိုင်မည်မဟုတ်ပါ။ မဲပေးနေရာများတွင် သင့်မဲကို ရေးမှတ်ရန် အသုံးပြုနိုင်သည့် ခဲတံများရှိပြီး သင့်ကိုယ်ပိုင် ခဲတံ သို့မဟုတ် ဘောပင်ကိုလည်း အသုံးပြုနိုင်ပါသည်။
ရွေးကောက်ပွဲမဲစာရွက်များ ဖြည့်စွက်ရာတွင် အကူအညီလိုအပ်ပါက ကူညီသူ သို့မဟုတ် မိတ်ဆွေတစ်ဦးကို ခေါ်နိုင်ပါသည်။ ရွေးကောက်ပွဲအရာရှိကလည်း သင့်ကို ကူညီပေးနိုင်ပါသည်။ ထိုကူညီသူသည် မဲပေးရမည့်သူကို မပြောသင့်သည့်အပြင် သင်၏ ခွင့်ပြုချက်မပါဘဲ သင် မဲပေးပုံကို မည်သူ့ကိုမျှ မပြောသင့်ပါ။
အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့တွင် ပြည်ပ သို့မဟုတ် ပြည်နယ်ခြားတွင် ရောက်နေပါက ဘာဖြစ်မလဲ။
အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့တွင် (ဩစတြေးလျနိုင်ငံအတွင်း သို့မဟုတ် ပြည်ပ) ခရီးသွားနေပါက အောက်ပါတို့ကို လုပ်နိုင်ပါသည်-
- ကြိုတင်မဲပေးရုံတွင် ကြိုတင်မဲပေးပါ။
- စာတိုက်မဲပေးခြင်း။ စာတိုက်မဲအထုပ်များကို သင့်အိမ်လိပ်စာ သို့မဟုတ် သင်ပေးထားသော သြစတြေးလျနိုင်ငံအတွင်း သို့မဟုတ် ပြည်ပ မည်သည့်လိပ်စာသို့မဆို ပေးပို့နိုင်ပါသည်။
ပိုမိုသိရှိလိုပါက Northern Territory Electoral Commission သို့ 1800 698 683 မှတဆင့် ဖုန်းခေါ်နိုင်ပါသည်။