အနောက်သြစတြေးလျ

အနောက်သြစတြေးလျတွင် မဲပေးရမည့်အချိန်နှင့် နေရာ

မိမိ မဲပေးနိုင်ပါသလား။

အောက်ပါတို့နှင့် ကိုက်ညီပါက အနောက်သြစတြေးလျပြည်နယ်ရွေးကောက်ပွဲတွင် သင် မဲပေးနိုင်သည်-

  • အသက် 18 နှစ်နှင့်အထက်ဖြစ်လျှင်
  • သြစတြေးလျနိုင်ငံသားဖြစ်လျှင်
  • အနောက်သြစတြေးလျတွင် အနည်းဆုံး တစ်လ နေထိုင်ခဲ့လျှင်
  • မဲစာရင်းသွင်းထားလျှင်

သင်သည် သတ်မှတ်ရက်မတိုင်မီ မဲစာရင်း မသွင်းထားသော်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ပါသည်။ ချက်ချင်း မဲစာရင်းသွင်း၍ မဲပေးနိုင်ရန် မဲရုံတစ်ခုသို့ သွားပါ။ သင့်အမည်နှင့် လိပ်စာပါဝင်သည့် သင်၏ ယာဉ်မောင်းလိုင်စင်၊ သင်မောင်းလိုင်စင်၊ သြစတြေးလျ နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မကြာသေးမီက မီတာခစာရွက် သို့မဟုတ် ကောင်စီအခွန်တောင်းခံလွှာ ကဲ့သို့ သင်၏အထောက်အထားကို ယူဆောင်လာပါ။ အနောက်သြစတြေးလျရွေးကောက်ပွဲကော်မရှင် (Western Australian Electoral Commission)  ဝန်ထမ်းအား သင် မဲစာရင်း မသွင်းရသေးကြောင်း အကြောင်းကြားပါက ၎င်းတို့က သင့်အား ကူညီနိုင်ပါသည်။

ကျွန်ုပ် မဖြစ်မနေ မဲပေးရမည်လား။

‌ပေးရမည်၊ အထက်ဖော်ပြပါအချက်များနှင့် ကိုက်ညီပါက သင်မဲပေးရမည်။ မဲမပေးနိုင်သည့်အကြောင်းရင်းအတွက် ခိုင်လုံသောအကြောင်းပြချက် မရှိဘဲ မဲမပေးခဲ့ပါက ဒဏ်ငွေ $50 ပေးဆောင်ရနိုင်သည်။

မဲပေးရမည့်အချိန်

လာမည့် 2025 ခုနှစ် မတ်လ 8 ရက်နေ့တွင် အနောက်ဩစတြေးလျ ပြည်နယ်ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။ ထိုနေ့တွင် 08:00 နာရီမှ 18:00 နာရီအတွင်း မဲပေးနိုင်ပါမည်။

လူအများအပြား ရွေးကောက်ပွဲနေ့တွင် မဲပေးပါမည်။ သင်သည် ရွေးကောက်ပွဲနေ့တွင် မဲမပေးနိုင်ပါက အောက်ဖော်ပြပါ အခြားနည်းများထဲမှ ကိုယ်တိုင် သို့မဟုတ် စာဖြင့် (စာတိုက်မဲ) ကြိုတင်မဲ ပေးနိုင်ပါသည်။

မဲပေးရမည့်နေရာ

  • မဲရုံရှိမည့်နေရာများကို သိရှိနိုင်ရန် Western Australian Electoral Commission သို့ ဤနေရာမှ ကြည့်ရှုပါ သို့မဟုတ် 13 63 06 မှတဆင့် ဖုန်းခေါ်နိုင်ပါသည်။
  • ရွေးကောက်ပွဲနေ့မတိုင်မီ - ကြိုတင်မဲပေးရုံ၊ စာတိုက်မဲပေးခြင်း သို့မဟုတ် ဖုန်းဖြင့်မဲပေးခြင်း။ ကြိုတင်မဲပေးရမည့် နေ့ရက်များကို ရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။
  • ဖုန်းဖြင့်မဲပေးခြင်း – မျက်စိမမြင်သူ၊ အမြင်အာရုံချို့တဲ့သူ သို့မဟုတ် ခန္ဓာကိုယ်မသန်စွမ်းသူ ဖြစ်ပါက တယ်လီဖုန်းဖြင့် မဲပေးခြင်းကို အသုံးပြုနိုင်ပါသည်။ ရွေးကောက်ပွဲ နီးကပ်လာသောအခါ အသေးစိတ်ထုတ်ပြန်ချက်များအတွက် Western Australian Electoral Commission တွင် စုံစမ်းပါ။

မဲရုံ သို့မဟုတ် ကြိုတင်ပေးမဲရုံတွင် ဘာတွေ့ရမလဲ။

မဲရုံနှင့်/သို့မဟုတ် ကြိုတင်ပေးမဲရုံအပြင်တွင် ကိုယ်စားလှယ်လောင်းများနှင့်/သို့မဟုတ် ကိုယ်စားလှယ်လောင်းများကို ကူညီနေသော စေတနာ့ဝန်ထမ်းများကို တွေ့နိုင်ပါသည်။ ထိုသူများက 'မဲပေးနည်း’ (how-to-vote) စာရွက်ကို သင့်အား ပေးနိုင်ပါသည်။

သင်မလိုချင်ပါက မဲပေးနည်းစာရွက်ယူရန် သို့မဟုတ် လိုက်နာရန် မလိုပါ။  ထိုကိုယ်စားလှယ်လောင်း၏ မူဝါဒများကို နှစ်သက်ပါက၊ ထိုစာရွက်သည် မဲပေးနိုင်ရန် သင့်အား ကူညီနိုင်သည်။ သို့သော်လည်း ထိုမဲပေးနည်းစာရွက်နှင့် မတူဘဲ သင်သည် ထိုကိုယ်စားလှယ်လောင်းကို မဲပေးနိုင်ပြီး အခြားကိုယ်စားလှယ်လောင်းများအား အဆင့် သတ်မှတ်နိုင်သည်။

မဲရုံအတွင်း စားပွဲတစ်ခုတွင်  WA ရွေးကောက်ပွဲ ဝန်ထမ်းတစ်ဦးကို အမည်စာရင်းနှင့်အတူ တွေ့ရပါမည်။ ထိုရွေးကောက်ပွဲဝန်ထမ်းထံ အကြောင်းကြားရပါမည်။ ၎င်းတို့သည် သင်၏ အမည်၊ လိပ်စာ၊ ဤရွေးကောက်ပွဲတွင် မဲပေးပြီးမပြီးနှင့် သင်၏ မဲဆန္ဒနယ်မြေကို အတည်ပြုရန် မေးမြန်းပါမည်။ ရွေးကောက်ပွဲဝန်ထမ်းသည် သင့်ကို မဲစာရွက်နှစ်ရွက်ပေးပြီး မဲပေးရမည့်နေရာကို ညွှန်ပြပါမည်။

ကတ်ထူကာမဲပေးနေရာတွင် သင် မဲပေးရပါမည်။ မဲပေးနေရာများတွင် အကာအရံများ ရှိသောကြောင့် သင်မဲပေးပုံကို အခြားသူများ မြင်နိုင်မည်မဟုတ်ပါ။ မဲပေးနေရာများတွင် သင့်မဲကို ရေးမှတ်ရန် အသုံးပြုနိုင်သည့် ခဲတံများရှိပြီး သင့်ကိုယ်ပိုင် ခဲတံ သို့မဟုတ် ဘောပင်ကိုလည်း အသုံးပြုနိုင်ပါသည်။

ရွေးကောက်ပွဲမဲစာရွက်များ ဖြည့်စွက်ရာတွင် အကူအညီလိုအပ်ပါက ကူညီသူ သို့မဟုတ် မိတ်ဆွေတစ်ဦးကို ခေါ်နိုင်ပါသည်။ ရွေးကောက်ပွဲအရာရှိကလည်း သင့်ကို ကူညီပေးနိုင်ပါသည်။ ထိုကူညီသူသည် မဲပေးရမည့်သူကို မပြောသင့်သည့်အပြင် သင်၏ ခွင့်ပြုချက်မပါဘဲ သင် မဲပေးပုံကို မည်သူ့ကိုမျှ မပြောသင့်ပါ။

အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့တွင် ပြည်ပ သို့မဟုတ် ပြည်နယ်ခြား ရောက်ရှိနေပါက ဘာဖြစ်မလဲ။

အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့အတွင်း (ဩစတြေးလျနိုင်ငံအတွင်း သို့မဟုတ် ပြည်ပ) ခရီးသွားမည်ဆိုလျှင် အောက်ပါတို့ကို လုပ်နိုင်သည်-

  • ကြိုတင်မဲပေးရုံတွင် ကြိုတင်မဲပေးခြင်း
  • စာတိုက်မဲပေးခြင်း။ စာတိုက်မဲအထုပ်များကို သင့်အိမ်လိပ်စာ သို့မဟုတ် အမည်စာရင်းတင်သွင်းသော သြစတြေးလျနိုင်ငံအတွင်း သို့မဟုတ် ပြည်ပရှိ မည်သည့်လိပ်စာသို့မဆို ပေးပို့နိုင်ပါသည်။
  • အကယ်၍ သင်သည် ပြည်ပရောက်နေပြီး မဲမပေးနိုင်ဟု ထင်ပါက Western Australian Electoral Commission ဤနေရာသို့ အကြောင်းကြားသင့်သည်။

ပိုမိုသိရှိလိုပါက Western Australian Electoral Commission သို့ 13 63 06 မှတဆင့် ဖုန်းခေါ်နိုင်ပါသည်။