အနောက်သြစတြေးလျ

အနောက်ဩစတြေးလျတွင် စာတိုက်မဲပေးခြင်း

စာတိုက်မဲပေးရန်လျှောက်ထားခြင်း

စာတိုက်မှမဲပေးနိုင်ရန် 2025 ခုနှစ် ပြည်နယ်ရွေးကောက်ပွဲအတွက် စာတိုက်မဲပေးခြင်းလျှောက်လွှာကို စာဖြင့် လျှောက်ထားနိုင်ပါသည်။ Western Australian Electoral Commission ( WAEC) သည် ၎င်းတို့ထံသို့ စာတိုက်မှတဆင့် ပြန်ပို့ရမည့် စာတိုက်မဲထုပ်ကို သင့်ထံ ပေးပို့ပါမည်။စာတိုက်မှ မဲပေးခြင်းသည် အခမဲ့ဖြစ်သည်။

အောက်ပါနည်းဖြင့် လျှောက်ထားနိုင်ပါသည်-

  • အွန်လိုင်း
  • လျှောက်လွာကို ဖြည့်စွက်၍ စာတိုက်ဖြင့် သို့မဟုတ် အီးမေးလ်ဖြင့် လျှောက်ထားခြင်း
  • သာမန်ကြိုတင်မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်ခြင်း

သာမန်ကြိုတင်မဲဆန္ဒရှင်များထံ အလိုအလျောက် မဲစာရွက်များ ပေးပို့မည်ဖြစ်သောကြောင့် စာတိုက်မဲပေးရန် လျှောက်ထားရန် မလိုအပ်ပါ။

လျှောက်ထားရမည့်နည်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များကို ရွေးကောက်ပွဲ နီးကပ်လာပါက ထုတ်ပြန်ပေးသွားပါမည်။ ပိုမိုသိရှိလိုပါက ဤနေရာတွင် ကြည့်ပါ။

နောက်ဆုံးသတ်မှတ်ရက်များမှာ ဘာတွေလဲ။

  • WAEC သည် သင်၏ ဖြည့်စွက်ပြီး မဲစာရွက်များကို မဲပေးသည့်နေ့တွင် လက်ခံရရှိရမည် ဖြစ်ပါသည်။

မိမိ လျှောက်ထားနိုင်ပါသလား။

သင်သည် အောက်ပါတို့နှင့် ကိုက်ညီပါက လျှောက်ထားနိုင်သည် -

  • အနောက်ဩစတြေးလျပြင်ပတွင် ရှိနေသည်
  • ရွေးကောက်ပွဲနေ့တွင် မဲရုံမှ 8 ကီလိုမီတာကျော်အကွာတွင် ရှိနေသည်
  • ရွေးကောက်ပွဲနေ့တွင် ခရီးသွားနေပြီး မဲရုံသို့ မလာရောက်နိုင်ပါ
  • ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ မလာနိုင်သည့် ကြီးမားသည့် ရောဂါ သို့မဟုတ် မကျန်းမာခြင်း ရှိသည်
  • မီးဖွားရက်နီးနေသည်
  • ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ မလာရောက်နိုင်သည့် ဘာသာရေး ယုံကြည်မှုရှိသည်
  • ရွေးကောက်ပွဲနေ့တွင် ထိန်းသိမ်းရေးစခန်း၌ ရှိနေပြီး မဲရုံသို့ မလာရောက်နိုင်ပါ
  • ရွေးကောက်ပွဲနေ့တွင် ဆေးရုံပြင်ပရှိ လူတစ်ဦးအား ပြုစုနေရပြီး၊ ထို့ကြောင့် မဲရုံသို့ မလာရောက်နိုင်ပါ
  • ရွေးကောက်ပွဲနေ့တွင် အလုပ်လုပ်ရမည်
  • လိပ်စာမဖော်ပြလိုသည့် မဲဆန္ဒရှင် ဖြစ်သည်
  • မသန်စွမ်းသူ ဖြစ်သည်
  • ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ သွားခြင်းသည် သင့် ကိုယ်တိုင်လုံခြုံမှု သို့မဟုတ် သင့်မိသားစု၏ လုံခြုံရေးကို ထိပါးနိုင်သည်ဟု ယုံကြည်သည်

စာတိုက်မဲပေးခြင်း

သင့်ထံ မဲစာရွက် နှစ်စောင်၊ ညွှန်ကြားချက်ပါ လက်ကမ်းစာစောင်တစ်စောင်နှင့် စာအိတ်တစ်လုံး ပေးပို့ပါမည်။

ရွေးကောက်ပွဲ မဲစာရွက်များကို လျှို့ဝှက်စွာ ဖြည့်ရပါမည်။ သင့်အား ကူညီရန် တစ်ယောက်ယောက်ကို သင် အကူအညီ တောင်းနိုင်ပါသည်၊ သို့သော် ဤပုဂ္ဂိုလ်က သင့်အား မည်သူ့ကို မဲပေးရမည်ဟု မပြောသင့်သလို သင်၏ ခွင့်ပြုချက်မပါဘဲ သင် မဲပေးပုံကို မည်သူ့ကိုမျှ မပြောရပါ။

မဲစာရွက်နှစ်ရွက် ဖြည့်ပြီးသည်နှင့် မဲစာအိတ်ထဲထည့်ပြီး ၎င်းကို အိတ်ပိတ်ပါ။ ထိုစာအိတ်ကို တတ်နိုင်သမျှ မြန်မြန် ပြန်ပို့ပါ။ တံဆိပ်ခေါင်းကပ်ရန် မလိုအပ်ပါ။