အနောက်သြစတြေးလျ

အနောက်ဩစတြေးလျလွှတ်တော် အလုပ်လုပ်ပုံ

အနောက်သြစတြေးလျ (Western Australia’s (WA)) လွှတ်တော် (Parliament) အလုပ်လုပ်ပုံနှင့် ထိုလွတ်တော်ရွေးကောက်ပွဲများတွင် မဲပေးပုံကို နားလည်ခြင်းသည် သင့်မဲအား ထည့်သွင်းရေတွက်နိုင်စေရေးအတွက် အလွန်အရေးကြီးပါသည်။

WA တွင် လေးနှစ်တစ်ကြိမ် လွှတ်တော်ကိုယ်စားလှယ်များကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ရာတွင် သင် ပါဝင်ရသည်။ ဤကိုယ်စားလှယ်များသည် သင့်ကိုယ်စား ဥပဒေများကို ပြန်လည်သုံးသပ်ရန်နှင့် အသစ်ရေးဆွဲရန် တာဝန်ရှိသည်။

ပုံမှန်အားဖြင့် ကိုယ်စားလှယ်လောင်းများသည် နိုင်ငံရေးပါတီများမှ ဖြစ်ကြသော်လည်း အချို့က တစ်သီးပုဂ္ဂလက ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ နိုင်ငံရေးပါတီတစ်ခုသည် ၎င်း၏ ကိုယ်စားလှယ်လောင်းအများစုအား ဥပဒေပြုလွှတ်တော် (Legislative Assembly) တွင် ရွေးချယ်ခံရပါက WA ပြည်နယ်အစိုးရ (the WA State Government) ဖွဲ့စည်းနိုင်သည်။

ရွေးကောက်ခံကိုယ်စားလှယ်များကို ဥပဒေပြုလွှတ်တော်အဖွဲ့ဝင်များ (Members of the Legislative Assembly ( MLA )) သို့မဟုတ် ဥပဒေပြုကောင်စီအဖွဲ့ဝင်များ (Members of the Legislative Council (MLC)) အဖြစ် ခေါ်သည်။ MLAs သည် ဥပဒေပြုလွှတ်တော်တွင် သီးခြားခရိုင်များ သို့မဟုတ် မဲဆန္ဒနယ်မြေများကို ကိုယ်စားပြုပြီး MLCs သည် ဥပဒေပြုကောင်စီတွင် WA ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုသည်။

WA လွှတ်တော်ကို လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည် -

ဥပဒေပြုလွှတ်တော် (အောက်လွှတ်တော်) (Legislative Assembly (Lower House)) တွင် အဖွဲ့ဝင် 59 ဦး ပါဝင်ပြီး ဤနေရာသည် ဥပဒေများ ချမှတ်ပြီး ပြည်နယ်ငွေစာရင်းကို အတည်ပြုပေးသည့်နေရာဖြစ်သည်။ ဝန်ကြီးချုပ် (The Premier) သည် အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ဤလွှတ်တော်တွင် ရွေးချယ်တင်မြှောက်ရပါသည်။

ဥပဒေပြုရေးကောင်စီ (အထက်လွှတ်တော်)

တွင် အဖွဲ့ဝင် 37 ဦးပါဝင်ပြီး ဥပဒေပြုလွှတ်တော်မှ ချမှတ်သည့် ဥပဒေများကို ပြန်လည်သုံးသပ်သည်။ MLC များကို လေးနှစ်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ရွေးကောက်ပွဲစက်ဝန်းတစ်ခုတွင် ကောင်စီဝင်များအားလုံး ရွေးကောက်ပွဲနှင့် ကြုံရသည်။

လွှတ်တော်နှစ်ရပ်စလုံးသည် အစိုးရဆုံးဖြတ်ချက်ချရာတွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်သောကြောင့် ထိုလွှတ်တော်နှစ်ရပ်စလုံးအတွက် ကိုယ်စားလှယ်လောင်းများမဲပေးခြင်းသည် အရေးကြီးပါသည်။ ဥပဒေသစ်များ မပြဋ္ဌာန်းမီ လွှတ်တော်နှစ်ရပ်စလုံးက သဘောတူရန် လိုသည်။

နောက်ထပ်ထုတ်ပြန်ချက်လက်များအတွက် WA လွှတ်တော်ဝဘ်ဆိုက်  သို့ ဝင်ကြည့်ပါ။