မိမိ မဲပေးနိုင်ပါသလား။
အောက်ပါတို့နှင့် ကိုက်ညီပါက တက်စ်မေးနီးယား ပြည်နယ်ရွေးကောက်ပွဲတွင် သင် မဲပေးနိုင်သည်-
- အသက် 18 နှစ်နှင့်အထက်ဖြစ်လျှင်
- သြစတြေးလျနိုင်ငံသားဖြစ်လျှင်
- တက်စ်မေးနီးယားတွင် အနည်းဆုံးတစ်လကြာ နေထိုင်ခဲ့လျှင်
- မဲစာရင်းသွင်းထားလျှင်
သင်သည် သတ်မှတ်ရက်မတိုင်မီ မဲစာရင်း မသွင်းထားသော်လည်း ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ပါသည်။ ချက်ချင်း မဲစာရင်းသွင်း၍ မဲပေးနိုင်ရန် မဲရုံတစ်ခုသို့ သွားပါ။ သင့်အမည်နှင့် လိပ်စာပါဝင်သည့် သင်၏ ယာဉ်မောင်းလိုင်စင်၊ သင်မောင်းလိုင်စင်၊ သြစတြေးလျ နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မကြာသေးမီက မီတာခစာရွက် သို့မဟုတ် ကောင်စီအခွန်တောင်းခံလွှာကဲ့သို့ သင်၏အထောက်အထားကို ယူဆောင်လာပါ။ တက်စ်မေးနီးယား ရွေးကောက်ပွဲကော်မရှင် (the Tasmanian Electoral Commission) ဝန်ထမ်းအား သင် မဲစာရင်း မသွင်းရသေးကြောင်း အကြောင်းကြားပါက ၎င်းတို့က သင့်အား ကူညီနိုင်ပါသည်။
မိမိ မဲပေးရမလား။
ဟုတ်ပါသည်၊ အထက်ဖော်ပြထားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မဲပေးရပါမည်။ မဲမပေးနိုင်ခြင်းအတွက် အကြောင်းပြချက်ကောင်းမရှိဘဲ မဲမပေးပါက သင် ဒဏ်ငွေ ပေးဆောင်ရနိုင်သည်။
မဲပေးရမည့် အချိန်
လာမည့် တက်စ်မေးနီးယားပြည်နယ် ရွေးကောက်ပွဲကို 2028 ခုနှစ်၊ ဇွန်လ 3 ရက်နေ့မတိုင်မီ ကျင်းပမည်ဖြစ်သည်။ ထိုနေ့တွင် 08:00 နာရီမှ 18:00 နာရီအတွင်း မဲပေးနိုင်ပါသည်။
လူအများအပြား ရွေးကောက်ပွဲနေ့တွင် မဲပေးပါမည်။ သင်သည် ရွေးကောက်ပွဲနေ့တွင် မဲမပေးနိုင်ပါက အောက်ဖော်ပြပါ အခြားနည်းများထဲမှ ကိုယ်တိုင် သို့မဟုတ် စာဖြင့် (စာတိုက်မဲ) ကြိုတင်မဲ ပေးနိုင်ပါသည်။
မဲပေးရမည့် နေရာ
- မဲရုံရှိမည့်နေရာများကို Tasmanian Electoral Commission သို့ ဤနေရာမှဖြစ်စေ သို့မဟုတ် 1800 801 701 မှတဆင့် ဖုန်းခေါ်၍ဖြစ်စေ သိရှိနိုင်ပါသည်။
- ရွေးကောက်ပွဲနေ့မတိုင်မီ - ကြိုတင်မဲပေးရုံ၊ ဖုန်းဖြင့် သို့မဟုတ် စာတိုက်မှတစ်ဆင့် မဲပေးခြင်း။ ကြိုတင်မဲပေးရမည့် နေ့ရက်များကို ရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် ထုတ်ပြန်ကြေညာသွားပါမည်။
- ဖုန်းဖြင့် မဲပေးခြင်း – မဲပေးသည့်ကာလအတွင်း ပြည်နယ်ခြား သို့မဟုတ် ပြည်ပသို့ ရောက်ရှိနေပြီး ကြိုတင်မဲပေးရုံတွင် မဲမပေးနိုင်ခဲ့ပါက တယ်လီဖုန်းဖြင့် မဲပေးနိုင်ပါသည်။ ရွေးကောက်ပွဲ ပိုမိုနီးကပ်လာသောအခါ အသေးစိတ်ထုတ်ပြန်ချက်အတွက် Tasmanian Electoral Commission တွင် ဝင်ကြည့်ပါ။
- အမြင်အာရုံချို့ယွင်းသူနှင့် အကူအညီလိုသူများ မဲပေးခြင်း – မျက်စိမမြင်သူ သို့မဟုတ် အမြင်အာရုံ ချိုတဲ့သူများအတွက် အသံ၊ အမြင်နှင့် ပုံနှိပ်ခြင်းစွမ်းရည်ကိုမြှင့်တင်ရန် အထူးစီစဉ် ပြုလုပ်ထားသောစနစ်များ ရှိသည်။ ထိုအကြောင်း ပိုမိုသိရှိလိုပါက ဤနေရာတွင် ရှာဖွေနိုင်သည်။
သင်သည် ရွေးကောက်ပွဲနေ့တွင် ပြည်ပ သို့မဟုတ် အခြားပြည်နယ်တွင် ရောက်ရှိမည်ဆိုပါက ဘာဖြစ်မလဲ။
အကယ်၍ သင်သည် ရွေးကောက်ပွဲနေ့အတွင်း (ဩစတြေးလျနိုင်ငံအတွင်း သို့မဟုတ် ပြည်ပ) ခရီးသွားမည်ဆိုလျှင် အောက်ပါတို့ကို လုပ်နိုင်သည်-
- ကြိုတင်မဲရုံတစ်ခုတွင် မဲပေးခြင်း
- တယ်လီဖုန်းဖြင့် မဲပေးခြင်း။ သင့်မဲပေးပုံ သိပြီးသည်နှင့် the TEC သို့ +61 3 6208 8700 မှတဆင့် ဖုန်းခေါ်ပြီး “ပြည်နယ်ခြား သို့မဟုတ် ပြည်ပမဲဆန္ဒရှင်” ကို ရွေးချယ်ပါ။ သင်နှင့်အတူ ဘောပင်နှင့် စက္ကူများ လိုအပ်ပါမည်။ ဖုန်းမဲပေးသင်္ကေတတစ်ခု ရရှိမည်ဖြစ်ပြီး အခြားအဖွဲ့က ဖုန်းမဲပေးသင်္ကေတ မေးမြန်းတောင်းကာ မဲစာရွက်ပေါ်တွင် သင်ကြိုက်နှစ်သက်ရာများကို ဖြည့်စွက်၍ မဲပုံးထဲ ထည့်ပေးပါမည်။
ပိုမိုသိရှိလိုပါက Tasmanian Electoral Commission သို့ 1800 801 701 မှတဆင့် ဖုန်းခေါ်နိုင်ပါသည် သို့မဟုတ် ၎င်းတို့၏ ဝဘ်ဆိုက်တွင် စစ်ဆေးနိုင်ပါသည်။