စာတိုက်မဲပေးရန် လျှောက်ထားခြင်း
စာတိုက်မှမဲပေးရန် လျှောက်လွှာကို စာဖြင့် လျှောက်ထားနိုင်ပါသည်။ Tasmanian Electoral Commission (TEC) သည် ၎င်းတို့ထံသို့ စာတိုက်မှတဆင့် ပြန်ပို့ရမည့် စာတိုက်မဲထုပ်ကို သင့်ထံ ပေးပို့ပါမည်။ စာတိုက်မဲပေးခြင်းသည် အခမဲ့ ဖြစ်သည်။
အောက်ပါနည်းများဖြင့် လျှောက်ထားနိုင်ပါသည်-
- အွန်လိုင်း
- လျှောက်လွှာကို ဖြည့်စွက်၍ စာတိုက်မှ လျှောက်ထားခြင်း
လျှောက်ထားရမည့်နည်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရွေးကောက်ပွဲနီးကပ်လာပါက ထုတ်ပြန်ပေးသွားပါမည်။ ပိုမိုသိရှိလိုပါက ဤနေရာတွင် ကြည့်ပါ။
နောက်ဆုံးသတ်မှတ်ရက်များမှာ ဘာတွေလဲ။
- TEC သည် မဲပေးသည့်နေ့တွင် သင်၏ ဖြည့်စွက်ပြီး မဲစာရွက်များကို 18:00 မတိုင်မီ လက်ခံရမည် ဖြစ်ပါသည်။
မိမိ လျှောက်ထားနိုင်ပါသလား။
သင်သည် အောက်ပါတို့နှင့် ကိုက်ညီပါက လျှောက်ထားနိုင်သည်-
- တက်စ်မေးနီးယားပြည်နယ် ပြင်ပတွင် ရှိနေသည်
- ရွေးကောက်ပွဲနေ့တွင် မဲရုံမှ 8 ကီလိုမီတာကျော် အကွာတွင် ရှိနေသည်
- ရွေးကောက်ပွဲနေ့တွင် ခရီးသွားနေပြီး မဲရုံသို့ မလာရောက်နိုင်ပါ
- ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ မလာရောက်နိုင်သည့် ကြီးမားသောရောဂါ သို့မဟုတ် မကျန်းမာခြင်း ရှိသည်
- မီးဖွားရက် နီးနေသည်
- ရွေးကောက်ပွဲနေ့တွင် မဲရုံသို့မလာနိုင်သည့် ဘာသာရေးယုံကြည်မှုများ ရှိသည်
- ရွေးကောက်ပွဲနေ့တွင် ထိန်းသိမ်းရေးစခန်းတွင် ရှိနေပြီး မဲရုံသို့ မလာရောက်နိုင်ပါ
- ရွေးကောက်ပွဲနေ့တွင် ဆေးရုံပြင်ပရှိ လူတစ်ဦးအား ပြုစုနေရသောကြောင့် မဲရုံသို့ မလာရောက်နိုင်ပါ
- ရွေးကောက်ပွဲနေ့တွင် အလုပ်လုပ်ရမည်
- လိပ်စာ မဖော်ပြလိုသော မဲဆန္ဒရှင် ဖြစ်သည်
- မသန်စွမ်းသူ ဖြစ်သည်
- ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ သွားခြင်းသည် သင်ကိုယ်တိုင် သို့မဟုတ် သင့်မိသားစု ၏ လုံခြုံရေးကို ထိပါးနိုင်သည်ဟု ယုံကြည်သည်။
စာတိုက်မှ မဲပေးခြင်း
သင့်ထံ မဲစာရွက် နှစ်စောင်၊ ညွှန်ကြားချက်ပါ လက်ကမ်းစာစောင်တစ်စောင်နှင့် စာအိတ်တစ်လုံး ပေးပို့ပါမည်။
ရွေးကောက်ပွဲ မဲစာရွက်များကို လျှို့ဝှက်စွာ ဖြည့်ရပါမည်။ သင့်အား ကူညီရန် တစ်ယောက်ယောက်ကို သင် အကူအညီ တောင်းနိုင်ပါသည်၊ သို့သော် ဤပုဂ္ဂိုလ်က သင့်အား မည်သူ့ကို မဲပေးရမည်ဟု မပြောသင့်သလို သင်၏ ခွင့်ပြုချက်မပါဘဲ သင် မဲပေးပုံကို မည်သူ့ကိုမျှ မပြောရပါ။
မဲစာရွက်နှစ်ရွက် ဖြည့်ပြီးသည်နှင့် မဲစာအိတ်ထဲထည့်ပြီး ၎င်းကို အိတ်ပိတ်ပါ။ ထိုစာအိတ်ကို တတ်နိုင်သမျှ မြန်မြန် ပြန်ပို့ပါ။ တံဆိပ်ခေါင်းကပ်ရန် မလိုအပ်ပါ။