တောင်ဩစတြေးလျလွှတ်တော် (South Australia’s Parliament) အလုပ်လုပ်ပုံနှင့် ထိုလွှတ်တော်ရွေးကောက်ပွဲများတွင် မဲပေးပုံကို နားလည်ခြင်းသည် သင့်မဲအား အကျိုးရှိစေရန်အတွက် အရေးကြီးပါသည်။
တောင်ဩစတြေးလျ (South Australia) တွင် သင့်ကို ကိုယ်စားပြုနိုင်သောနှင့် သင့်ကိုယ်စား ဥပဒေများ ပြန်လည်သုံးသပ်အတည်ပြုနိုင်သော လွှတ်တော် ကိုယ်စားလှယ်လောင်းများကို လေးနှစ်တစ်ကြိမ် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ပါသည်။
ထိုကိုယ်စားလှယ်လောင်းများသည် များသောအားဖြင့် – သို့သော် အမြဲတမ်းမဟုတ်ပါ – နိုင်ငံရေးပါတီဝင်များဖြစ်သည်။ နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းအများစု ရွေးကောက်ခံရပါက တောင်ဩစတြေးလျအစိုးရ (South Australian Government) ဖြစ်လာနိုင်သည်။ အစိုးရမဖွဲ့နိုင်သည့် အကြီးဆုံးပါတီကို အတိုက်အခံ (Opposition) ဖြစ်လာသည်။
ရွေးချယ်ခံကိုယ်စားလှယ်လောင်းများကို လွှတ်တော်ကိုယ်စားလှယ်များ (Members of the House of Assembly (MHA)) သို့မဟုတ် ဥပဒေပြုကောင်စီအဖွဲ့ဝင်များ (Members of the Legislative Council (MLC)) ဟုခေါ်သည်။ ၎င်းတို့သည် အောက်လွှတ်တော် သို့မဟုတ် တောင်ဩစတြေးလျတစ်ခုလုံးရှိ ဥပဒေပြုကောင်စီတွင် မဲဆန္ဒနယ်မြေတစ်ခုခုကို ကိုယ်စားပြုရပါသည်။
တောင်ဩစတြေးလျ လွှတ်တော်ကို အောက်ပါအတိုင်း နှစ်ပိုင်းဖြင့် ဖွဲ့စည်းထားသည်-
ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) (House of Assembly (Lower House))-
အဖွဲ့ဝင် ၄၇ ဦးနှင့် ဖွဲ့စည်းထားပါသည်။ ဤနေရာသည် ဥပဒေများ ချမှတ်ပြီး ပြည်နယ်ဘတ်ဂျက် အတည်ပြုသည့်နေရာ ဖြစ်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး အနိုင်ရသည့် နိုင်ငံရေးပါတီ၏ ခေါင်းဆောင် ဖြစ်ပါသည်။