ကွင်းစလန်

ကွင်းစလန်ပြည်နယ်တွင် စာတိုက်မဲပေးခြင်း

စာတိုက်မဲပေးရန် လျှောက်ထားခြင်း

စာတိုက်မှတဆင့် မဲပေးရန်အတွက် လာမည့် ပြည်နယ်ရွေးကောက်ပွဲတွင် စာတိုက်မဲပေးရန် လျှောက်ထားနိုင်ပါသည်။ ကွင်းစလန် ရွေးကောက်ပွဲကော်မရှင် (Electoral Commission of Queensland (ECQ) သည် သင့်အား ကော်မရှင်သို့ စာတိုက်မှ ပြန်ပို့ရမည့် စာတိုက်မဲထုပ်ကို သင့်ထံ ပေးပို့ပါမည်။ စာတိုက်မဲပေးခြင်းသည် အခမဲ့ ဖြစ်သည်။

အောက်ပါနည်းတို့ဖြင့် လျှောက်ထားနိုင်ပါသည် -

အကယ်၍ သင်သည် နိုင်ငံရပ်ခြားတွင် ရှိနေပါက သင်လုပ်နိုင်သည်မှာ -

  1. ၎င်းကို ဘရစ်စဘိန်းရှိ ECQ သို့ ပြန်ပို့ပါ၊ သို့မဟုတ်
  2. လျှင်မြန်စွာ ပြန်ပို့ရန်အတွက် သင်နှင့်အနီးဆုံး နိုင်ငံရပ်ခြား စာတိုက်မဲ ပို့ရမည့်နေရာသို့ ကိုယ်တိုင် သို့မဟုတ် စာတိုက်မှတဆင့် ပို့ပါ။

စာတိုက်မှ မဲပေးခြင်း

ညွှန်ကြားချက်များပါ မဲစာရွက်၊ စာအိတ်နှင့် ပို့ခပေးပြီး ပြန်စာအိတ်များကို သင့်ထံ ပေးပို့ပါမည်။ မဲစာရွက်အပေါ်ပိုင်းတွင် ညွှန်ကြားချက်များကို တွေ့ရပါမည်။

ရွေးကောက်ပွဲ မဲစာရွက်များကို လျှို့ဝှက်စွာ ဖြည့်စွက်ရမည်။ သင့်အား ကူညီရန် တစ်ယောက်ယောက်ကို သင် မေးနိုင်သည်၊ သို့သော် ထိုသူက မဲပေးရမည့်သူကို မပြောသင့်ပါ၊ သင်၏ သဘောတူညီချက်မပါဘဲ သင်မဲပေးပုံကို မည်သူ့ကိုမျှ မပြောသင့်ပါ။

မဲစာရွက် ဖြည့်ပြီးပါက ကြေညာချက်စာအိတ်ထဲထည့်ပြီး စာအိတ်ပိတ်ပါ။ ကြေညာချက်စာအိတ်ကို လက်မှတ်ထိုးပြီးနောက် သက်သေတစ်ဦးကို လက်မှတ်ထိုးခိုင်းပါ။ လက်မှတ်ရေးထိုးထားသော ကြေညာချက်စာအိတ်ကို ပြန်ပို့မည့်လိပ်စာကို အကွက်တွင်း မြင်နိုင်အောင်ထား၍ ပို့ခပေးပြီးပြန်စာစာအိတ်ထဲသို့ ထည့်ပါ။ စာအိတ်ကို ECQ သို့ အမြန်ဆုံး ပြန်ပို့ပါ။  တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

ရွေးကောက်ပွဲနေ့ ညနေ 6 နာရီတွင် စာတိုက်မဲအားလုံး ဖြည့်စွက်ပြီး ဖြစ်ရပါမည်။