တက်စ်မေးနီးယားပြည်နယ်တွင် ဒေသန္တရအစိုးရ ရွေးကောက်ပွဲများကို လေးနှစ်တစ်ကြိမ် အောက်တိုဘာလတွင် ကျင်းပလေ့ရှိသည်။ သင့်ကောင်စီနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအတွက် တက်စ်မေးနီးယားရွေးကောက်ပွဲကော်မရှင် (the Tasmanian Electoral Commission (TEC)) ဝက်ဘ်ဆိုက် တွင် လေ့လာပါ။
တက်စ်မေးနီးယား ပြည်နယ်ရွေးကောက်ပွဲတွင် စာရင်းသွင်းရန်အတွက် နိုင်ငံသားဖြစ်ရန် မလိုအပ်ပါ။
အကယ်၍ သင်သည် နိုင်ငံသားမဟုတ်ပါက အောက်ပါတို့ဖြစ်လျှင် ဒေသန္တရအစိုးရအဖွဲ့ မဲစာရင်းတွင် ပါဝင်ခွင့်ရှိပါသေးသည်-
- သင်သည် ပြည်နယ်မဲဆန္ဒရှင်စာရင်းတွင် စာရင်းသွင်းထားသည့်နေရာနှင့် ကွဲပြားခြားနားသော စည်ပင်သာယာနယ်မြေရှိ မြေကို ပိုင်ဆိုင်ထားလျှင် သို့မဟုတ် နေထိုင်လျှင်၊ သို့မဟုတ်
- သင်သည် စည်ပင်သာယာနယ်မြေတွင် မြေယာပိုင်ဆိုင်သည့် သို့မဟုတ် နေထိုင်သည့် လုပ်ငန်းအဖွဲ့အစည်းတစ်ခု၏ အမည်စာရင်းတင်သွင်းထားသော ကိုယ်စားလှယ်ဖြစ်လျှင်။
ဤအထူးသတ်မှတ်ချက်များအရ စာရင်းပေးသွင်းရန် သင့်လျော်သော စာရင်းပေးသွင်းခြင်းပုံစံကို ဖြည့်စွက်ပြီး ရွေးကောက်ပွဲအတွက် စာရင်းပေးသွင်းမှု မပြီးဆုံးမီ သက်ဆိုင်ရာ ကောင်စီ၏ အထွေထွေမန်နေဂျာထံ ပြန်လည်ပေးပို့ရမည်-
သင်၏ ဒေသန္တရကောင်စီနယ်မြေကို ရှာပါ
သင်သည် သင်၏ ဒေသန္တရအစိုးရနယ်မြေကို ဤနေရာတွင် ရှာနိုင်ပြီး သင့်လိပ်စာကို ဤနေရာ တွင် ရိုက်ထည့်ခြင်းဖြင့် ရှာဖွေနိုင်ပါသည်။
သင်မည်သူ့ကို မဲပေးမည်နည်း။
သင်သည် တက်စ်မေးနီးယားပြည်နယ်တွင် ဒေသန္တရ အစိုးရ ရွေးကောက်ပွဲများအတွက် စာတိုက်မှ မဲစာရွက်ဖြင့် မဲပေးနိုင်ပါသည်။
သင်သည် ဒေသန္တရအစိုးရရှိ သင်၏ကိုယ်စားလှယ်များဖြစ်သော ကောင်စီဝင်နှင့် ဒေသန္တရ အစိုးရခေါင်းဆောင်မှု၊ မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန်တို့ကို မဲပေးရပါမည်။
ကောင်စီတစ်ခုစီတွင် ကောင်စီဝင် 7 ဦးမှ 12 ဦးအထိ ပါဝင်သည်။ ကောင်စီအသီးသီးတွင် မြို့တော်ဝန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဒုတိယမြို့တော်ဝန်တစ်ဦးရှိသည်။
မဲပေးပုံ
ရွေးကောက်ပွဲများကို စာတိုက်မှပြုလုပ်မည်ဆိုပါက ရွေးကောက်ပွဲနေ့တစ်နေ့အပြင် ‘မဲပေးကာလ’ တစ်ခုရှိပါသည်။ သင်စာရင်းသွင်းထားပါက သင်၏ စာတိုက်လိပ်စာတွင် စာတိုက်မဲလက်မှတ်အထုပ်ကို လက်ခံရရှိပါမည်။
စာတိုက်မဲလက်မှတ်အထုပ်တွင် အောက်ပါတို့ပါဝင်ပါသည်-
- မဲစာရွက်များ။
- မဲဆန္ဒရှင်များ၏ ထုတ်ပြန်ချက်များနှင့် မဲပေးရန် ညွှန်ကြားချက်များပါဝင်သည့် စာအုပ်တစ်အုပ်။
- မဲလက်မှတ်စာအိတ် (ဤစာအိတ်ကို မဲလက်မှတ်လုံခြုံရေးသေချာစေရန် မဲဆန္ဒရှင်မှ လက်မှတ်ရေးထိုးရမည်)။
- သင်၏ ဖြည့်စွက်ပြီးသော မဲလက်မှတ်စာရွက်ပါရှိသည့် သင် ၏ မဲပေးစက္ကူစာအိတ်ကို ပို့ခပါပြီးသား ပြန်စာစာအိတ် (မဲပေးခြင်းသည် တံဆိပ်ခေါင်းဖိုးပင် ကုန်ကျမည်မဟုတ်ပါ)။
ထို့နောက် သင်၏ ကောင်စီအတွက် သင်၏ ဆန္ဒမဲကို ပြန်လည်ပေးပို့ရန် သင့်တွင် သုံးပတ်ခန့် အချိန်ရှိပါသည်။
မဲပေးရန် သင်လုပ်ရမည်မှာ -
- မဲစာရွက်တစ်ခုစီတွင် သင်၏ ဦးစားပေးမှုများကို အမှတ်အသားလုပ်ပါ။
- ပြီးပြည့်စုံသော မဲလက်မှတ်စာရွက်ကို မဲလက်မှတ် စာအိတ် (ထိုစာအိတ်ပေါ်တွင် မဲဆန္ဒရှင်၏ အမည်ကို ပုံနှိပ်ထားသော စာအိတ်) တွင် ထည့်ပြီး တံဆိပ်ခတ်ပါ။
- သင့်အမည်၏ ဘေးရှိအကွက်တွင် မဲစာရွက်ကို လက်မှတ်ထိုးပါ။
- မဲစာရင်း စက္ကူစာအိတ်ကို ပို့ခပါပြီးသား ပြန်စာစာအိတ်ထဲတွင်ထည့်ပြီး တံဆိပ်ခတ်ပါ။
- မဲပေးခြင်းမပိတ်မီ ပြန်ပို့ရမည့် အရာရှိထံရောက်ရှိအောင် ပို့ခပါပြီးသား ပြန်စာစာအိတ်ကို စာတိုက်ပုံးထဲထည့်ပါ (တံဆိပ်ခေါင်းမလိုအပ်ပါ)။