NSW တွင် ဒေသန္တရအစိုးရရွေးကောက်ပွဲကို လေးနှစ်တစ်ကြိမ် စက်တင်ဘာ ဒုတိယအပတ် စနေနေ့တွင် ကျင်းပသည်။ သင်၏ ကောင်စီနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအတွက် NSW ရွေးကောက်ပွဲကော်မရှင် (the NSW Electoral Commission) ဝက်ဘ်ဆိုက် တွင် ဝင်ရောက်ကြည့်ရှုပါ။
သင်၏ ဒေသန္တရကောင်စီဧရိယာကို ရှာပါ
သင်၏ လိပ်စာကို ဤနေရာတွင် ရိုက်ထည့်ခြင်းဖြင့် သင်၏ ဒေသန္တရအစိုးရနယ်မြေကို ရှာဖွေနိုင်ပါသည်။ ၎င်းက သင့်ကောင်စီအဖြစ် ပြသပါမည်။
သင်မည်သူ့ကို မဲပေးမည်နည်း။
ကောင်စီဝင်ရွေးကောက်ပွဲများ
ဤရွေးကောက်ပွဲသည် ဒေသန္တရအစိုးရတွင် သင့်အား ကိုယ်စားပြုမည့်သူကို ရွေးချယ်သည့်နေရာ ဖြစ်သည်။
NSW ရှိ ဒေသန္တရအစိုးရများသည် အမျိုးအစားနှစ်မျိုး ဖြစ်နိုင်သည်-
- မခွဲခြားထားသော (Undivided) - ကောင်စီဝင်များအားလုံးကို ထိုဒေသရှိ မဲဆန္ဒရှင်များမှ ရွေးချယ်တင်မြှောက်သည့်နေရာ
- ခွဲခြားထားသော (Divided) - ကောင်စီကို ရပ်ကွက်များဟုခေါ်သော ဒေသငယ်များအဖြစ် ခွဲခြားထားရာ ရပ်ကွက်တစ်ခုစီအတွက် ကောင်စီဝင်အရေအတွက် တူညီစွာ ရွေးချယ်ထားပါသည်။
ဒေသန္တရအစိုးရပေါ် မူတည်၍ ကောင်စီဝင် အရေအတွက် ကွာခြားနိုင်သည်။
မြို့တော်ဝန်ရွေးကောက်ပွဲများ
ဤသည်မှာ ဒေသန္တရအစိုးရ ခေါင်းဆောင် ရွေးချယ်ပုံဖြစ်သည်။
မြို့တော်ဝန်ကို အောက်ပါအတိုင်း နည်းလမ်းနှစ်မျိုးဖြင့် ရွေးကောက်တင်မြှောက်သည်-
- လေးနှစ်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ထားသော ကောင်စီဝင်များအပြင် မြို့တော်ဝန်များကိုပါ မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးချယ်ခြင်း ဖြစ်သည်။
- ဒေသန္တရာအစိုးရ ရွေးကောက်ပွဲများပြီးနောက် နှစ်နှစ်သက်တမ်းအတွက် မြို့တော်ဝန်များကို ကောင်စီဝင်များမှ ရွေးချယ်ခြင်း ဖြစ်သည်။
မဲပေးပုံ
မဲပေးရန်အသုံးပြုသော မဲစာရွက်သည် ဒေသန္တရအစိုးရအပေါ် မူတည်၍ ကွဲပြားခြားနားပါမည်။ သင်၏ ဒေသန္တရအစိုးရတွင် နိုင်ငံရေးပါတီများမှအုပ်စုဖွဲ့ထားသော သို့မဟုတ် အုပ်စုမဖွဲ့ထားသော ကိုယ်စားလှယ်လောင်းများ ရှိနိုင်သည်။ တစ်ခါတစ်ရံ အုပ်စုလိုက် မဲစာရွက်များတွင် မဲပေးရန်လေးထောင့်ကွက်များရှိပြီး ၎င်းက ဖက်ဒရယ်နှင့် ပြည်နယ်ရွေးကောက်ပွဲများရှိ မျဉ်းအထက်အပေါ် မဲပေးခြင်းနှင့်တူသည်။
မှတ်ထားရန်
- အမှားလုပ်မိလျှင်လည်း ဘာမှမဖြစ်ပါ။ ရွေးကောက်ပွဲအရာရှိထံ မဲစာရွက်အသစ်တစ်ရွက် တောင်းရန်သာဖြစ်သည်။
- သင်၏မဲသည် ထည့်ပြီးသည်နှင့် အမည်မသိ လျှို့ဝှက်ထားမည်ဖြစ်သည်။ သင်မည်သို့ မဲပေးခဲ့သည် သို့မဟုတ် မဲမပေးခဲ့သည်ကို လူအများအား ပြောပြရန်မှာ သင့်သဘော ဖြစ်ပါသည်။
အုပ်စုများမပါရှိသောမဲစာရွက်များတွင် မဲပေးခြင်း
ဤတွင် အုပ်စုများမရှိသော မဲစာရင်းဥပမာ ဖြစ်ပါသည် -